Share

စိန်ခေါ်ချက်များနဲ့မြန်မာလူငယ်
လက်ဖြောင့်စနိုက်ပါ အန်နာ
•
စိန်ခေါ်ချက်များနဲ့မြန်မာလူငယ်-အပိုင်း(၃၅)
~~~~~~
အထက်တန်းကျောင်းသူတစ်ဦးဖြစ်တဲ့ အန်နာဟာ စစ်အာဏာသိမ်းလိုက်တဲ့အတွက် တခြားလူငယ်တွေလိုပဲ စစ်တပ်ကို လက်နက်ကိုင် တိုက်ဖို့ တောခိုခဲ့တဲ့အကြောင်း ဒီတစ်ပတ်အစီအစဉ်မှာ နားဆင်ရမှာြဖစ်ပါတယ်။
အန်နာဟာ လက်ရှိ ပြည်သူ့တော်လှန်ရေးတပ်ဦး(PRF) ရဲ့ လက်ဖြောင့် စနိုက်ပါသမား တစ်ဦးအဖြစ်ပါဝင်နေပါတယ်။
More episodes
View all episodes

ပရဟိတသမားကနေ PDF ခေါင်းဆောင်ဖြစ်လာသူ
13:53|စိန်ခေါ်ချက်များနဲ့မြန်မာလူငယ်-အပိုင်း (၃၆)~~~~~~ဒီတစ်ပတ်အစီအစဉ်မှာတော့ ၂၀၂၁ ခုနှစ်မတိုင်ခင်က မြင်းခြံဒီဂရီကောလိပ်မှာ ဒုတိယနှစ်ကျောင်းသားဘ၀နဲ့ ပရဟိတအလုပ်တွေလုပ်ခဲ့တဲ့လူငယ်ဟာ စစ်အာဏာသိမ်းတာကြုံလိုက်တဲ့အခါမှာ ပြည်သူ့ကာကွယ်ရေးတပ် (PDF) ခေါင်းဆောင်ဖြစ်လာတဲ့ ကိုမိုက်ခဲနဲ့ စကားပြောထားပါတယ်။ကိုမိုက်ခဲ လက်နက်ကိုင်တော်လှန်ရေးမှာဝင်ပါလိုက်တဲ့အတွက် မိဘတွေတိမ်းရှောင်ရသလို၊ ဦးလေးတစ် ယောက်အသတ်ခံလိုက်ရပြီး၊ တရွာတည်းသားတွေလည်းရိုက်နှက်ခံရ ငွေညှစ်ခံရတာတွေလည်းရှိတယ်လို့ ပြောပြပါတယ်။
ပစ်ခတ်ဖမ်းဆီးခံရပြီး ခြေတစ်ဖက်ဆုံးရှုံးခဲ့တဲ့ အဆိုတော်
15:20|စိန်ခေါ်ချက်များနဲ့မြန်မာလူငယ်-အပိုင်း(၃၄)~~~~~~ဒီတစ်ပတ်အစီအစဉ်မှာတော့ ၂၀၂၁ ခုနှစ်မတိုင်ခင်က မြင်းခြံဒီဂရီကောလိပ်မှာ ဒုတိယနှစ်ကျောင်းသားဘ၀နဲ့ ပရဟိတအလုပ်တွေလုပ်ခဲ့တဲ့လူငယ်ဟာ စစ်အာဏာသိမ်းတာကြုံလိုက်တဲ့အခါမှာ ပြည်သူ့ကာကွယ်ရေးတပ် (PDF) ခေါင်းဆောင်ဖြစ်လာတဲ့ ကိုမိုက်ခဲနဲ့ စကားပြောထားပါတယ်။ကိုမိုက်ခဲ လက်နက်ကိုင်တော်လှန်ရေးမှာဝင်ပါလိုက်တဲ့အတွက် မိဘတွေတိမ်းရှောင်ရသလို၊ ဦးလေးတစ် ယောက်အသတ်ခံလိုက်ရပြီး၊ တရွာတည်းသားတွေလည်းရိုက်နှက်ခံရ ငွေညှစ်ခံရတာတွေလည်းရှိတယ်လို့ ပြောပြပါတယ်။
ရှစ်လေးလုံး ထီးသပိတ်ရဲ့ မှတ်တမ်းဓာတ်ပုံသမား
14:36|စိန်ခေါ်ချက်များနဲ့မြန်မာလူငယ်-အပိုင်း(၃၃)~~~~~~ဒီတစ်ပတ်အစီအစဉ်မှာတော့ ရန်ကုန်မြို့က လူစည်ကားတဲ့နေရာတွေမှာ ရှစ်လေးလုံးထီးသပိတ် ပြုလုပ်ခဲ့တဲ့သူတွေကို ဓာတ်ပုံမှတ်တမ်းရိုက်ကူးလို့ ထောင်ချခံခဲ့ရတဲ့ ကိုစစ်မင်းနိုင်နဲ့ စကားပြောထားပါတယ်။သူဟာ အဖမ်းခံရတဲ့အချိန်က ညှင်းပမ်းနှိပ်စက်ခံရသလို အကျဉ်းထောင်ထဲမှာ သုံးနှစ်ကျော်နေထိုင် ခဲ့ရပါတယ်။ ဒီအစီအစဉ်ကို RFA Burmese website, Facebook နဲ့ Youtube မှာလည်း ကြည့်ရှုနားဆင်နိုင်ပါတယ်။
စစ်ပွဲရဲ့ ဝါးမျိုခြင်းခံလိုက်ရသော ဘ၀များ
15:28|စိန်ခေါ်ချက်များနဲ့မြန်မာလူငယ်-အပိုင်း(၃၂)~~~~~~ဒီတစ်ပတ်အစီအစဉ်မှာတော့ ဗီဒီယိုရိုက်ကူးရေးသမားအဖြစ် ဆယ်နှစ်လောက် အသက်မွေးဝမ်း ကျောင်းပြုခဲ့ပြီး စစ်တပ်အာဏာသိမ်းလိုက်တဲ့နောက်မှာ လက်နက်ကိုင်တိုက်ဖို့ ညီနဲ့အတူ လွတ်မြောက် နယ်မြေရောက်ခဲ့တဲ့ ကိုကောင်းကောင်း ခေါ် ရဲဘော်ကျီးကန်းနဲ့ စကားပြောထားတာကို တင်ပြမှာဖြစ် ပါတယ်။PDF တပ်ဖွဲ့ဝင် ကိုကောင်းကောင်းတို့ဟာ ၂၀၂၂ ခုနှစ် ဧပြီလက ကရင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့တိုက်ပွဲဖြစ်တဲ့အချိန် ဒရုန်းနဲ့တိုက်ဖို့ ပြင်ဆင်ရင်း ပေါက်ကွဲမှုနဲ့ ကြုံခဲ့ရပါတယ်။ အဲဒီပေါက်ကွဲမှုမှာ ညီကအသက်ဆုံးရှုံးသွားသလို ကိုကောင်းကောင်းက ခြေတစ်ဖက်ဆုံးရှုံးခဲ့ရပါတယ်။ ဒီအစီအစဉ်ကို RFA Burmese website နဲ့ ရဲ့ Facebook မှာလည်း ကြည့်ရှု နားဆင် နိုင်ပါတယ်။
စီဒီအမ် ကျောင်းသားတစ်ယောက်ရဲ့ ပညာရေးခရီး
14:18|စိန်ခေါ်ချက်များနဲ့မြန်မာလူငယ်-အပိုင်း(၃၁) ~~~~~~ ဒီတစ်ပတ်အစီအစဉ်မှာတော့ အာဏာသိမ်း စစ်တပ်ထိန်းချုပ်ထားတဲ့ တက္ကသိုလ် ပညာရေးစနစ်မှာ ပညာဆက်မသင်လိုတော့တာကြောင့် CDM လုပ်ခဲ့ပြီးနောက် ၅ နှစ်အကြာမှာ ပြည်ပနိုင်ငံတစ်ခုက တက္ကသိုလ်တစ်ခုမှာ ပညာသင်ဆုရရှိခဲ့တဲ့ ကိုသုတဝန်း နဲ့ စကားပြောထားပါတယ်။ ကိုသုတဝန်းဟာ စစ်တပ်အာဏာသိမ်းတဲ့အချိန်က လူထုလှုပ်ရှားမှုတွေမှာပါဝင်ခဲ့လို့ လုံခြုံရေးစိုးရိမ်ရတာကြောင့် ပြည်တွင်းမှာ ဆက်နေထိုင်လို့ မရတော့တဲ့အတွက် အိမ်နီးချင်း ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးတိမ်းရှောင်လာရသူဖြစ်ပါတယ်။ ဒီအစီအစဉ်ကို RFA Burmese website နဲ့ ရဲ့ Facebook မှာလည်း ကြည့်ရှု နားဆင် နိုင်ပါတယ်။
အန္တရာယ်တွေကြား အိမ်ပြန်ဖို့ ကြိုးစားနေသူ
15:35|စိန်ခေါ်ချက်များနဲ့မြန်မာလူငယ်-အပိုင်း(၃၀) ဒီတစ်ပတ်အစီအစဉ်မှာတော့ စစ်တပ်ကို လက်နက်ကိုင်တိုက်ရင်း ဇာတိမြေ ဧရာ၀တီကို တပ်အင်အားအလုံးအရင်းနဲ့ ပြန်ဝင်ဖို့ ကြိုးစားနေတဲ့ ဧရာ၀တီစစ်ကြောင်း အထူးလှုပ်ရှားတပ်ဖွဲ့ရဲ့ တပ်ဖွဲ့မှူး ကိုမျိုးသူရကိုကို နဲ့ စကားပြောထားပါတယ်။
ငရဲခန်းထဲက အကျဉ်းစံဘ၀
14:56|စိန်ခေါ်ချက်များနဲ့မြန်မာလူငယ်-အပိုင်း(၂၉) ~~~~~~ ဒီတစ်ပတ်အစီအစဉ်မှာတော့ စစ်အာဏာရှင်ဆန့်ကျင်ရေးမှာ ပါဝင်လှုပ်ရှားခဲ့တဲ့အတွက် ဖမ်းဆီးခံခဲ့ရပြီး နောက် အကျဉ်းထောင်နဲ့ စစ်ကြောရေးတွေမှာ ညှဉ်းပန်းနှိပ်စက်ခံခဲ့ရတဲ့ ကိုလမင်းအောင်နဲ့ စကားပြောထားပါတယ်။ တက္ကသိုလ်ကျောင်းသားတစ်ဦးဖြစ်တဲ့ကိုလမင်းအောင်ဟာ စစ်အာဏာရှင်ကို ဆန့်ကျင်ဖို့ တောခိုပြီးကာမှ မိသားစုကျန်းမာရေးကြောင့် ရန်ကုန်ကိုပြန်တဲ့လမ်းမှာ ဖမ်းဆီးခံလိုက်ရပြီးနောက် အကျဉ်းထောင်ထဲမှာ ၅ နှစ်နီးပါး နေထိုင်ခဲ့ရသူပါ။ ဒီအစီအစဉ်ကို RFA Burmese ရဲ့ Website, Facebook နဲ့ YouTube တွေကနေလည်း ကြည့်ရှု နားဆင်နိုင် ပါတယ်။
ဂျွန်ဒဲရက် ရဲ့ အမှောင်မိုက်ဆုံး နေ့ရက်များ
15:53|စိန်ခေါ်ချက်များနဲ့မြန်မာလူငယ်-အပိုင်း(၂၈) ~~~~~~ စစ်အာဏာသိမ်းမှုနောက်ဆက်တွဲ ဒုက္ခသုက္ခတွေထဲ ခက်ခဲကြမ်းတမ်းစွာ ကြိုးစားရုန်းကန်နေရတဲ့ မြန်မာလူငယ်တွေရဲ့ ဘ၀တွေအကြောင်း ပြောပြပေးမဲ့ “စိန်ခေါ်ချက်များနဲ့ မြန်မာလူငယ်” ပေါ့ကတ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်လွှင့်နေပါပြီ။ ဒီတစ်ပတ်အစီအစဉ်မှာတော့ စစ်အာဏာရှင်ဆန့်ကျင်ရေးကာလအတွင်း လူသိများခဲ့တဲ့ “ဒို့အရေး“ နဲ့ စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေအကြောင်း ကမ္ဘာကသိအောင်လှုံ့ဆော်ထားတဲ့ “Save Us From Hell “ သီချင်းတွေကို ရေးစပ်သီဆိုခဲ့တဲ့ လူငယ်အဆိုတော် ဂျွန်ဒဲရက် နဲ့ စကားပြောထားပါတယ်။ ဂျွန်ဒဲရက် ဟာ စစ်တပ်အာဏာသိမ်းတဲ့အချိန်က ရန်ကုန်မြို့က ဆန္ဒပြပွဲတွေမှာပါဝင်ခဲ့သလို ခုချိန်အထိလည်း အာဏာသိမ်းမှုဆန့်ကျင်ရေးလှုပ်ရှားမှုတွေမှာ ဆက်လက်ပါဝင်နေဆဲဖြစ်ပါတယ်။ ဒီအစီအစဉ်ကို RFA Burmese ရဲ့ Website , Facebook နဲ့ YouTube တွေကနေလည်း ကြည့်ရှု နားဆင်နိုင်ပါတယ်။