Share

cover art for အာရ်အက်ဖ်အေ နေ့စဉ် အသံလွှင့် အစီအစဉ်

အာရ်အက်ဖ်အေ နေ့စဉ် အသံလွှင့် အစီအစဉ်


Latest episode

  • နေ့စဉ်တိုက်ရိုက်ထုတ်လွှင့်ချက်( ၂၀၂၄ နိုဝင်ဘာ ၂၅ ရက် ညပိုင်း)

    15:00|
    - တရုတ်ကြားဝင်စေ့စပ်မှုနဲ့ တွေ့ဆုံဆွေးနွေးဖို့ အသင့်ရှိကြောင်း TNLA‌ ပြော၊- လက်နက်ကိုင်ဖြေရှင်းမှု ငြိမ်းချမ်းရေးမရ နိုင်ကြောင်း စစ်ခေါင်းဆောင်ပြော၊- မတ္တရာ - စဥ့်ကူး - သပိတ်ကျင်းလမ်းပိုင်း သွားလာခွင့်ကို MDY-PDF ကန့်သတ်၊- အွန်လိုင်းငွေလိမ်ဂိုဏ်းက ထွက်ပြေးလာတဲ့ နိုင်ငံခြားသား ၃၉ ဦးကို ထိုင်းကယ်တင်၊- မလေးရှား ဆာဘားကျွန်းကို မြန်မာလုပ်သားစေလွှတ်မှု စစ်ကောင်စီတားမြစ်၊- အာဏာသိမ်းကာလ ကယားပြည်နယ်မှာ အရပ်သား ၂၅၀ကျော် သေဆုံး၊- လေကြောင်းတိုက်ခိုက်မှုတွေကို ဟန့်တားနိုင်ရေး တရုတ် အရေးယူမှုလိုအပ်၊ - ကယားပြည်နယ်ထဲမှာ အမှိုက်လျှော့ချရေး CDM ကျောင်းသားတွေ ကြိုးပမ်း... စတာတွေအပါအဝင် နောက်ဆုံးရသတင်းများ။ 

More episodes

View all episodes

  • နေ့စဉ်တိုက်ရိုက်ထုတ်လွှင့်ချက် (၂ဝ၂၄ နိုဝင်ဘာ ၂၅ ရက် မနက်ပိုင်း)

    15:00|
    - မြန်မာမှာတွေ့ဆုံဆွေးနွေးပွဲစတင်ဖို့ ပုပ်ရဟန်းမင်းကြီး တိုက်တွန်း၊- တရုတ်အစိုးရကို တောင်ကိုရီးယားရောက်မြန်မာတွေ ကန့်ကွက်ဆန္ဒပြ၊- အလုပ်သမား အခွင့်အရေးချိုးဖောက်မှုနဲ့ စစ်ကောင်စီကို အရေးယူဖို့ကြိုးစားမယ်လို့ NUG ထုတ်ပြန်၊- မန္တလေးနဲ့နီးတဲ့ မတ္တရာကို စစ်ကောင်စီ အပြင်းအထန် ထိုးစစ်ဆင်၊- CDM မန္တလေး ဆေးကျောင်းသူနှစ်ဦးကို စစ်ကောင်စီ နာမည်ပျက်စာရင်းသွင်း၊- ကချင်တိုင်းရင်းသားဘာသာ အစီအစဉ်၊....စတာတွေ အပါအဝင်နောက်ဆုံးရ သတင်းများ။
  • နေ့စဉ်တိုက်ရိုက်ထုတ်လွှင့်ချက်( ၂၀၂၄ နိုဝင်ဘာ ၂၄ ရက် ညပိုင်း)

    15:00|
    - မန္တလေးနဲ့နီးတဲ့ မတ္တရာကို စစ်ကောင်စီ ထိုးစစ်ဆင်၊- လက်ပံတန်းရဲစခန်းကို PDF တွေတိုက်ခိုက်၊- မုံရွာမှာ ဖမ်းဆီးခံထားရသူတွေ ပြန်လွတ်လာ၊- ပုလဲမှာ စစ်ဘေးဒုက္ခသည်တွေ နေရပ်ပြန်မရသေး၊- မောင်သံဒိုးရဲ့ "ဟဟပါပဲ" အစီအစဉ်၊...စတာတွေအပါအဝင် နောက်ဆုံးရသတင်းများ။
  • နေ့စဉ်တိုက်ရိုက်ထုတ်လွှင့်ချက် (၂ဝ၂၄ နိုဝင်ဘာ ၂၃ ရက် ညပိုင်း)

    15:00|
    - လက်လွတ်ရတဲ့နေရာတွေကို စစ်တပ်ဖျက်ဆီးကြောင်း ကုလကိုယ်စားလှယ်ပြော၊- နယ်စပ်ဂိတ်တွေတင်းကျပ်ဖို့ စစ်ကောင်စီနဲ့တရုတ်ဆွေးနွေး၊- မင်းတပ်မှာ တစ်ရက်တည်း လေကြောင်းက အကြိမ် ၂၀ တိုက်ခိုက်၊- ကျွန်းလှမှာ စစ်ကောင်စီတပ်စီးနင်းပြီး အိမ်ငါးရာလောက်မီးရှို့၊- ကယားပြည်နယ်က မြေမြှုပ်မိုင်းဒဏ်သင့် မိသားစု၊စတာတွေ အပါအဝင်နောက်ဆုံးရ သတင်းများ။
  • နေ့စဉ်တိုက်ရိုက်ထုတ်လွှင့်ချက် (၂၀၂၄ နိုဝင်ဘာ ၂၃ ရက် မနက်ပိုင်း)

    15:37|
    - ဖာပွန်က မထောတပ်စခန်းကို KNU နဲ့ ပူးပေါင်းအဖွဲ့တွေ သိမ်းပိုက်၊- ကျွန်းလှက ရွာတွေကို စစ်ကောင်စီ သုံးရက်ဆက်တိုက် တိုက်ခိုက်၊- ကုလရဲ့ မြန်မာ့အရေးမူကြမ်းအပေါ် စိတ်ပျက်ကြောင်း ဦးကျော်မိုးထွန်း ပြော၊- NUG ဖွင့်ထားတဲ့ ကျောင်းတွေ၊ တက္ကသိုလ်တွေ မတက်ဖို့ စစ်ကောင်စီ ကြေညာ၊- အာဏာသိမ်းပြီးနောက် အကျဉ်းထောင်တွင်း နိုင်ကျဉ်း ၁၀၈ ဦး သေဆုံး၊- ကချင်ပြည်နယ်က မြေရှားသတ္တု ဘာကြောင့်အရေးပါသလဲ၊- ပြည်ပသတင်းမီဒီယာတွေပြောတဲ့ မြန်မာပြည်- မွန်တိုင်းရင်းသားဘာသာအစီအစဉ်... စတာတွေနဲ့အတူ နောက်ဆုံးရသတင်းများ
  • နေ့စဉ်တိုက်ရိုက်ထုတ်လွှင့်ချက် (၂ဝ၂၄ နိုဝင်ဘာ ၂၂ ရက် ညပိုင်း)

    15:00|
    - ရန်ကုန်ပြောက်ကျားအဖွဲ့ မှော်ဘီ မြဝတီအသံလွှင့်ဌာနကို တိုက်ခ်ိုက်၊ - တည်ငြိမ်မှ တရုတ်နယ်စပ်ဂိတ်တွေ ပြန်ဖွင့်မယ်လို့ စစ်ကောင်စီပြော၊- အမှတ် (၅) စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်ရှိရာ တောင်ကုတ်မြို့ကို AA ထိန်းချုပ် ၊- ရှမ်းမြောက်ကို စားနပ်ရိက္ခာဖြတ်တောက်ပြီး စစ်အင်အားပိုဖြည့်တင်းနေ၊- ထောင်တွင်း ကျန်းမာရေးစောင့်ရှောက်မှုညံ့ဖျင်းလို့ နိုင်ကျဉ်း သက်ကြီးပိုင်းတွေအတွက် စိုးရိမ်၊…စတာတွေ အပါအဝင်နောက်ဆုံးရ သတင်းများ။
  • နေ့စဉ်တိုက်ရိုက်ထုတ်လွှင့်ချက် (၂ဝ၂၄ နိုဝင်ဘာ ၂၂ ရက် မနက်ပိုင်း)

    14:59|
    - နောင်ချိုမှာ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သုံးပတ်အတွင်း အရပ်သား ၁၇ ဦးသေဆုံး၊- မြင်းခြံမှာ တစ်ပတ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၆ ဦးသေဆုံး- မတ္တရာတိုက်ပွဲမှာ စစ်ကောင်စီတပ်သား ဆယ်ဦးကျော် သေဆုံး၊ - အကြီးစားအွန်လိုင်းငွေလိမ်လုပ်ငန်းတွေကို တိုက်ဖျက်နိုင်ခဲ့ကြောင်း တရုတ်ပြော၊- ရိုဟင်ဂျာအရေး ကုလသမဂ္ဂ အဆင့်မြင့်ညီလာခံ ကျင်းပမည်၊- မြန်မာစီးပွားရေးသမားတွေကို တရုတ် ဘာကြောင့် ရက်ရှည်ဗီဇာထုတ်ပေးတာလဲ ၊- သောတရှင် ပေးစာပြန်စာ၊- ရှမ်းတိုင်းရင်းသားဘာသာအစီအစဉ် … စတာတွေအပါအဝင် နောက်ဆုံးရသတင်းများ။